Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH
မြန်မာ ကဗျာ {Myanmar Poem}
Join this Group!Add to My Yahoo
Report Abuse



"ခေတ်ပေါ်ကဗျာဆရာ
တစ်ယောက် ကဗျာရေးခြင်း 
အမှုပြုတာဟာ
ကမ္ဘာပေါ်မှာ မရှိသေးတဲ့အရာကို
ရှာဖွေခြင်းပြုတာပဲ ဖြစ်ပါတယ်။"

အောင်ချိမ့်

မြန်မာကဗျာအဖွဲ့ သည် MMG ၏ မဟာမိတ်အဖွဲ့ ဝင် အဖြစ် တည်ရှိပါသည်။



Useful Myanmar Multiply Groups!!! Please join !!! ၀င်ရောက်သင့်သော မြန်မာမာတည်ပလိုင်းအဖွဲ့ များ { အဖွဲ့ မ၀င်ရသေးသူများ (Join this Group) နှိပ်ပြီး ၀င်ရောက် နိုင်ပါတယ်}



"Evidently, we must grapple
with the world to change the brain,
not just sit back passively watching."

Melvin Konner
Poet and Professor of Anthropology


  မြန်မာကဗျာ Link ချိတ်ချင်ရင်
 
 
<center><a href="http://myanmarpoem.multiply.com/" target="_blank" rel="nofollow"><img border="0" src="http://images.mevision.multiply.multiplycontent.com/attachment/0/TY9iiAooCHwAAAf-boo1/myanmarpoem.jpg?key=fileme:journal:28&nmid=428730100" </a=""></a></center>
 



ပန်းတစ်ပွင့်ထဲမှာ
ကမ္ဘာကြီးကို ရှာကြည့်။

ပန်းရိုင်းတစ်ပွင့်ထဲမှာ
ကောင်းကင်ကြီးကို ထည့်ကြည့်။

အနန္တခရီးကို
လက်ဖ၀ါးပေါ်တင်ရင်း......

ဝီလျံဘလိတ်
(အင်္ဂလိပ်ကဗျာဆရာနှင့် ပန်းချီဆရာ)

မွေ့လျှော်ခြင်း အမျိုးမျိုးအနက် ကဗျာ၌ မွေ့လျှော်ခြင်းသည် အဆင့်အတန်းမြင့်၏ ။ ကဗျာ၏အလှ ကဗျာ၏ အရသာကို ခံစားမွေ့လျှော်တတ်လျှင် ဘဝ၏ တန်ဖိုးကို အကျိုးရှိရှိ အသုံးချရာရောက်၏။
(ကဗျာဆရာတင်မိုး)

မြန်မာကဗျာဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ အမွေအနှစ်ပဲ။ ကဗျာပျောက်ရင် လူမျိုးပါ ပျောက်နိုင်တယ်။
(ဆရာဇေယျ)

ရိုးရိုးစကားဖြင့် အကြိမ်တစ်ရာ ပြောသော်လည်း သဘောမကျနိုင်သော အဓိပ္ပါယ်တစ်မျိုးကို၊ ကဗျာသည် တစ်ကြိမ်တည်း တစ်ပုဒ်တည်းဖြင့် သဘောကျ သွားစေနိုင်၏။
(လယ်တီဦးကောဝိဒ)


နရီမိတ်ပုံတို့ဖြင့် ကောင်းသောအတွေး၊ ကောင်းသောအတွေ့တို့ကို ဖော်ကျူးသော စကားအဖွဲ့အစည်းသည် ကဗျာဖြစ်သည်။
(ဆရာမြဇင်)

ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖို့ကြိုးစားတဲ့အခါ၊ ဝတ္ထုတစ်ပုဒ်ထက် ကဗျာ တစ်ပုဒ် ဖြစ်အောင် ကြိုးစားရပါတယ်တဲ့
ရှင်ဂျောင်းဆု
ကိုရီးယားဝတ္ထုစာရေးဆရာမ

ကဗျာဆိုတာ ဝမ်းနည်းကြေကွဲမှုရဲ့ချစ်သူ
မျက်ရည်ပေါက်တိုင်းဟာ ကဗျာတစ်ပုဒ်စီ
နှလုံးသားတိုင်းဟာလည်းကဗျာတစ်ပုဒ်စီ
ငိုကြွေးနေတဲ့လူသားတိုင်းဟာလည်း စာဆိုတစ်ဦးစီ
(၁၈ ရာစုစာဆို အန်(င်)ဒရေး)

လက်ထိတ်နှင့်လက်ကောက်။
လူညံ့ကဗျာဆရာများအဖို့ ကာရန်သည် လက်ထိတ်။
လူတော်ကဗျာဆရာများအဖို့ ကာရန်သည် လက်ကောက်။
(ဆာဝေါလ်တာ စကော့)
ဦးအောင်သင်း ပြန်ပြော

ကဗျာဟူသည် အစီအစဉ် အထားအသို အကောင်းဆုံး ရေးဖွဲ့ထားသော အကောင်းဆုံး စကားလုံးများဖြစ်သည်။
(ဆင်မြူရယ်တေလာကိုလာရစ်ခ်ျ)
Blog EntryFeb 24, '12 3:32 AM
by water for everyone
ဖွင့်ရမယ့်တံခါး
ခြစားနေသောဦးနှောက်

အလင်းကြောက်တဲ့မျက်လုံး

အပြူံးတုပွင့်တဲ့နူတ်ခမ်း

တစ်ဘက်ကန်းတဲ့နား

ခေါင်းညိမ့်ခေါင်းခါစက်ရုပ်

စာခြောက်ရုပ်လိုလူ

ဆေးမခြောက်သေးသောဆိုင်းဘုတ်များ

အတ္တများစွာပေါင်းသင်ထားပါ

သော့ခတ်ထားသောနှလုံးသားအတွက်

သော့သစ်တစ်ချောင်းတော့လိုအပ်တယ်

(ပန်းတော်ဆက်)



moengeaung wrote on Feb 24
သော့ခတ်ထားသောနှလုံးသားအတွက်

သော့သစ်တစ်ချောင်းတော့လိုအပ်တယ
yinminkhine wrote on Feb 24
သော့ခတ်ထားသောနှလုံးသားအတွက်

သော့သစ်တစ်ချောင်းတော့လိုအပ်တယ်
waterspot wrote on Feb 24
သော့ခတ်ထားသောနှလုံးသားအတွက်

သော့သစ်တစ်ချောင်းတော့လိုအပ်တယ
သော့...သော့....သော့.......အင်္ဂလိပ်လိုဆိုရင်ဖြင့်
mizzuri09clysna wrote on Feb 24
Need A Key !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
waterspot wrote on Feb 25
သော့ခတ်ထားသောနှလုံးသားအတွက်

သော့သစ်တစ်ချောင်းတော့လိုအပ်တယ်
thought=သော့တစ်ချောင်းသာလိုပေသည်
waterspot wrote on Feb 25
Need A Key !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
thought=သော့တစ်ချောင်းသာလိုပေသည်
kokwaika wrote on Mar 1
လျှာတစ်ချောင်းသာ လိုမှာလား နောင်တော်
Add a Comment